နိုင်ငံ့ ဝန်ထမ်းများအား Social punishment ဖြင့် ခြိမ်းခြောက် အကျပ်ကိုင်မှုများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာသို့ ဆက်သွယ် တိုင်ကြားနိုင်

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁

နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်ရန် အတွက် နိုင်ငံ့ဝန်ထမ်း တာဝန်များကို မပျက်မကွက် ဆက်လက် ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်း မပြုနိုင် စေရန်အတွက် Social Media များမှ လည်းကောင်း၊ လူမှု ပတ်ဝန်းကျင်များတွင် လည်းကောင်း  နိုင်ငံတော်ကို ဆန့်ကျင် နှောင့်ယှက်မှု ပြုလုပ်နေသူ တချို့က နည်းမျိုးစုံဖြင့် နှောင့်ယှက်၍ Social punishment  ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။               

သို့ဖြစ်၍ အထက်ပါခြိမ်းခြောက် ဟန့်တားမှုများ၊ အကျပ်ကိုင်မှုများ ကြုံရပါက အောက်ပါ ဖုန်းနံပါတ်များနှင့် e-mail လိပ်စာများကို ဆက်သွယ်တိုင်ကြား နိုင်ကြောင်းနှင့် သက်ဆိုင်ရာမှလည်း စိစစ်ဖော်ထုတ်၍ ဥပဒေနှင့် အညီ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်များနှင့် e-mail လိပ်စာများ