လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်း

နေပြည်တော်  ဖေဖော်ဝါရီ   ၂၂

နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်း ရေးနှင့်ညပိုင်းများတွင် မိဘပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင် အိပ်စက်နိုင်ရေး တို့အတွက် တပ်မ တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ နေ့ညမပြတ် လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိရာ     ယနေ့ တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန် ရှိသူများက ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြမြို့၌ လုံခြုံရေး တာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား တပ်မတော် စက်ရုံထုတ် စားသောက် ဖွယ်ရာများ သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။