ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းနှင့် ပတ်သက်၍ ရက်တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးခြင်း

ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းလျှောက်လွှာများအား တိုင်းစစ်ဌာနချုပ်များတွင် ၂၅-၁-၂၀၂၁ ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိရာ ၂၀-၂-၂၀၂၁ ရက်နေ့တွင် လျှောက်လွှာများ ပိတ်သိမ်းမည်ဖြစ်ကြောင်း အသိပေးကြော်ငြာထားရှိပြီးဖြစ် သော်လည်း လျှောက်လွှာထုတ်ပေး/တင်သွင်းခြင်းကို ၆-၃-၂၀၂၁ ရက်နေ့အထိ ရက်တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ လျှောက်ထားလိုသူများ အနေဖြင့် နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင် ဗိုလ်လောင်းလျှောက်လွှာများ ဆက်လက် ထုတ်ယူ/တင်သွင်းခြင်းများဆောင်ရွက်နိုင်ကြောင်း  အသိပေးအပ်ပါသည်။

စစ်ရာထူးခန့်ချုပ်ရုံး
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)