ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ သတင်း ထုတ်ပြန်ချက်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းခရိုင်ရှိ မြို့နယ် ၂ မြို့နယ်၏ ဆန္ဒမဲပေးမှုများကို စစ်ဆေးခဲ့

ပါသည်။ စစ်ဆေးတွေ့ရှိချက်များအရ ယခင် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည့် မဲဆန္ဒရှင် စာရင်းမှာ ၄၁၅၁၂၉ ဦးဖြစ်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလစာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများမှာ ၃၅၈၄၅၃ ဦးဖြစ်ပါသည်။ မဲဆန္ဒရှင် စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၃၈၁၈၇ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက်ပါဝင်နေသူများမှာ ၄၉၃၃ ဦး၊ ၂ ကြိမ်ပါဝင်နေသူများမှာ ၅၅၃၈ဝ ဦးဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ မြို့နယ်အလိုက် စစ်ဆေးတွေ့ရှိချက်မှာ အောက်ပါအတိုင်းဖြစ်သည်-

မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ စိစစ်တွေ့ရှိမှု