ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့)မြို့နယ်နှင့်ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တို့၏ဆန ́မဲပေးမှုများကိုစစ်ဆေးခဲ့သည်။
၂။ စစ်ဆေးတွေ့ရှိချက်များအရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ယခင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည့်မဲဆန ́ရှင်စာရင်းမှာ ၁၀၇၂၃၂ ဦးဖြစ်ပြီး အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလစာရင်းအရ အသက် (၁၈)နှစ်ပြည့်ပြီး ဆန ́မဲပေးပိုင်ခွင့်ရှိသူများမှာ ၁၁၇၄၅၁ ဦးဖြစ်သည်။ မဲဆန ́ရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၂၁၉၁၄ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် (၃)ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၁၅၁၅ ဦး၊ (၂)ကြိမ်ပါဝင်နေသူများမှာ ၁၁၉၄၂ ဦးဖြစ်သည်။
၃။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့)မြို့နယ်တွင်ယခင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည့် မဲဆန ́ရှင်စာရင်းမှာ ၃၆၂၅၈၅ ဦးဖြစ်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလစာရင်းအရ အသက် (၁၈)နှစ်ပြည့်ပြီး ဆန ́မဲပေးပိုင်ခွင့်ရှိသူများမှာ၁၂၂၅၄၆ ဦးဖြစ်သည်။ မဲဆန ́ရှင်စာရင်းများတွင် နိုင်ငံသား၊ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၇၂၂၈၈ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့်မဲစာရင်းတွင် (၃)ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၃၇၂ ဦး၊(၂)ကြိမ်ပါဝင်နေသူများမှာ ၁၃၃၇၈ ဦးဖြစ်သည်။
၄။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင် ယခင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည့် မဲဆန ́ရှင်စာရင်းမှာ၃၂၄၉၁၃ ဦးဖြစ်ပြီး၊ စိစစ်တွေ့ရှိရသည့်စာရင်းမှာ ၃၂၈၅၉၇ ဦးဖြစ်သဖြင့် ၃၆၈၄ ဦး ကွာခြားလျက်ရှိသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလစာရင်းအရ အသက် (၁၈)နှစ်ပြည့်ပြီး ဆန ́မဲပေးပိုင်ခွင့်ရှိသူများမှာ ၂၇၉၃၁၅ ဦးဖြစ်သည်။ မဲဆန ́ရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၂၃၃၁၈ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် (၃)ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၂၇၅၁ ဦး၊ (၂)ကြိမ်ပါဝင်နေသူများမှာ ၃၄၆၆၄ ဦးဖြစ်သည်။
၅။ မြို့နယ်အလိုက် စစ်ဆေးတွေ့ရှိချက်မှာ အောက်ပါအတိုင်းဖြစ်သည်-