နေ့စဉ်ရက်ဆက်လူစုလူဝေးများလမ်းပေါ်ထွက်အောင်ပြုလုပ်သူ ဦးစီးခေါင်းဆောင်များအနေဖြင့် အန္တရာယ်ကင်းဝေး သည့်နောက်ကွယ်မှ နည်းမျိုးစုံဖြင့် လှုံ့ဆော်ဆောင်ရွက်လျက်ရှိ
နေပြည်တော် မတ် ၂
နိုင်ငံတော်အစိုးရအား နည်းမျိုးစုံဖြင့်ဆန့်ကျင်သောအစုအဖွဲ့များအနေဖြင့် နေ့စဉ်ရက်ဆက် လူစုလူဝေးများ လမ်းပေါ်ထွက်ရှိအောင် မီဒီယာများ၊ Facebook တို့အားအသုံးပြုလှုံ့ဆော်ခြင်း၊ တရားမဝင်သော အဖွဲ့အစည်းများ ဖွဲ့စည်းပြီး ဦးစီးခေါင်းဆောင်ပြုလုပ်သူများအနေဖြင့် ရှေ့မထွက်ဘဲနောက်ကွယ်ရှိ အန္တရာယ်ကင်းဝေးသော နေရာ အသီးသီးတွင်နေထိုင်ကာ ငွေကြေး၊စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းအပါအဝင် လှုံ့ဆော်ဆောင်ရွက်လျက် ရှိနေသည်ကို တွေ့ရှိရသည်။
၂၀၂၁ ခုနှစ် မတ် ၂ ရက်တွင်လည်းတိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင်လမ်းပေါ်ထွက်၍ဆန္ဒပြသော လူစုလူဝေး အနေဖြင့် သိသာစွာလျော့နည်းခဲ့သော်လည်းအချို့သောဒေသများတွင် မတည်မငြိမ်ဖြစ်စေရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ဖြစ်စဉ်များအရ တွေ့ရှိရသည်။
၂၀၂၁ ခုနှစ် မတ် ၂ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်၊စမ်းချောင်း၊ လမ်းမတော်နှင့် ရန်ကင်း မြို့နယ်တို့၌ လူစုလူဝေးများ ဖြစ်ပွားခဲ့ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊(.၁၂)ဗို့ ပြောင်းချောသေနတ်၊ မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသားလေးဦး၊အမျိုးသမီးရှစ်ဦး စုစုပေါင်း ၁၂ ဦးတို့အားဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ (၀.၁၂)ဗို့ ပြောင်းချောသေနတ်၊ မီးခိုးဖြူဗုံး၊ မျက်ရည်ယိုဗုံး၊ ၃၈ မီလီမီတာ ရော်ဘာကျည်တို့ဖြင့်ပစ်ခတ်လူစုခွဲခဲ့ရသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ ပိန္နဲတောရပ်ကွက်၊ ကံ့ကော်ပင်လမ်းဆုံ၊ ဥတ္တံတားလမ်းဆုံတို့၌ လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကအသံမြည်ဗုံး၊ မျက်ရည်ယိုဗုံးတို့ဖြင့်ပစ်ခတ်လူစုခွဲခဲ့ရသည်။
အလားတူ မကွေးတိုင်းဒေသကြီးပခုက္ကူမြို့ (၁၁)ရပ်ကွက် မြိုင်(၄)လမ်း၌လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင် များက အသံမြည်ဗုံး၊ ၃၈ မီလီမီတာရော်ဘာကျည်တို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရသည်။
အလားတူ ကချင်ပြည်နယ် မိုးကောင်းမြို့ အိုးတန်းရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်၌ လူစုလူဝေးများ ဖြစ်ပွားခဲ့၍လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရပြီးဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသားတစ်ဦးအား ဖမ်းဆီးထိန်း သိမ်းခဲ့ရသည်။
အလားတူ ရှမ်းပြည်နယ် တောင်ကြီးမြို့အရှေ့မြို့ပတ်လမ်း၌ လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကအသံမြည်ဗုံး၊ (၀.၁၂)ဗို့ ပြာင်း ချောသေနတ်၊မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရသည်။
ဖြစ်စဉ်ဖြစ်ပွားမှုများအပေါ် သုံးသပ်တွေ့ရှိရမှုအရလူငယ်လူထုအများစုသည် လမ်းပေါ်ရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့်ထိပ်တိုက်တွေ့ဆုံကာ ထိခိုက်ဒဏ်ရာရရှိခြင်းများကိုတွေ့ရှိရကာ နောက်ကွယ်မှ လှုံ့ဆော်စည်းရုံးမှုကို ခံနေရ သည့် အခြေအနေသို့ရောက်ရှိနေပြီး ၎င်းတို့၏ အနာဂတ်များမပျက်စီးစေရေးအတွက် မိဘဆွေမျိုးများအနေဖြင့် ဝိုင်းဝန်း ထိန်းသိမ်းကြပ်မတ်ရန်လိုအပ်သည့်အခြေအနေတွင်ရောက်ရှိနေသည်ဟု ပြည်သူလူထုအများစုက ဝေဖန် သုံးသပ်လျက် ရှိကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
ရဲပြန်ကြား