ဧရာဝတီတိုင်းဒေသကြီးရှိ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများကို ငါးမဖမ်းရရာသီ သုံးလရပ်နားထားရာ စက်တင်ဘာ ၁ ရက်မှစ၍ လုပ်ငန်းများပြန်လည်လုပ်ကိုင် ခွင့်ပြုတော့မည်ဖြစ်ပြီး ပင်လယ်ပြင်ငါးဖမ်း လှေများကို Vessel Monitoring System (VMS) စနစ်ဖြင့် စောင့်ကြည့်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်ရဲထွဋ်လွင်၏ ပြောပြချက်အရ သိရသည်။
''စက်တင်ဘာ ၁ ရက်မှာ ငါးဖမ်းလှေတွေ ပြန်ထွက်ခွင့်ပြုမှာပါ။ ပင်လယ်ပြင်ထွက်တဲ့ ငါးဖမ်းလှေတွေ ကို VMS စနစ်တပ်ထားပြီး စောင့်ကြည့်တဲ့စနစ်ကိုကျင့်သုံးမှာပါ။ ဒါပေမဲ့ အခက်အခဲအနည်းငယ် ရှိတာက စနစ်သစ်တစ်ရပ် တည်ဆောက်တဲ့အခါ ဆော့ဖ်ဝဲလ်တပ်ဆင်တဲ့ ကုမ္ပဏီနဲ့ ငါးဖမ်းစက်လှေက အသုံးပြုတဲ့သူတွေ၊ ဌာနက ထိန်းချုပ်တဲ့သူတွေကြားမှာ အချိတ်အဆက်လေးတွေ နည်းနည်းလိုနေပါ သေးတယ်'' ဟု ဦးစိုးအောင်ရဲထွဋ်လွင်က ပြောသည်။
အရေးပေါ်ဆောင်ရွက်မှုပိုင်းအနေဖြင့် VMS Control Center မှ လေးနာရီကျော်ကြာ ပြတ်တောက် သည့်လှေများကို ငွေကျပ် ၅ဝဝဝဝ ဒဏ်ရိုက်မည်ဖြစ်ပြီး လုပ်ငန်းရှင်များကိုလည်း VMS Control Center မှ လေးနာရီကျော်ကြာ ပြတ်တောက်ပါက ငွေကျပ် ၅ဝဝဝဝ ဒဏ်ရိုက်မည်ဟု ကြိုတင် အသိပေးထားကြောင်း သိရသည်။