မတ်လ ၃ ရက်နေ့ မန္တလေးမြို့ရှိ ဆူပူအုံကြွမှုအတွင်းသေဆုံးခဲ့သည့် အသက် ၁၉ နှစ် အရွယ် အမျိးသမီး၏ ဒဏ်ရာနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွား မည်ဖြစ်

မတ်လ ၃ ရက်နေ့ မန္တလေးမြို့ရှိ ဆူပူအုံကြွမှုအတွင်းသေဆုံးခဲ့သည့် အသက် ၁၉ နှစ် အရွယ် အမျိးသမီး၏ ဒဏ်ရာနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွား မည်ဖြစ်

နေပြည်တော်၊ မတ် - ၄
    
မတ်လ - ၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ် ၈၄ လမ်း ၃၀ လမ်းထောင့်၌ ဆူပူအကြမ်းဖက်ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့် အညီထိန်းသိမ်းဆောင်ရွက်ခဲ့မှုသတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
    
အဆိုပါဖြစ်စဉ်တွင် သေဆုံးခဲ့သည့် ချမ်းအေးသာစံမြို့နယ်နေ မကြယ်စင်(၁၉)နှစ် သေဆုံးခဲ့မှုနှင့်ပတ်သက်၍ social media များ၌ အမျိုးမျိုးသော အမြင်များဖြင့် ဖော်ပြ ခြင်း၊ စွပ်စွဲခြင်းဖြင့် ဆူပူသူအချင်းချင်း သံသယများနှင့် ဖော်ပြနေကြောင်း တွေ့ရှိရသည်။ မကြယ်စင်၏ ဓာတ်ပုံပါဒဏ်ရာအရ အဓိကရုဏ်းလက်နက်နှင့် ထိခိုက်သောဒဏ်ရာ မဟုတ်ကြောင်းနှင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက် သို့မဟုတ် ကျည်စစ်ကျည်မှန်ဖြင့် ထိခိုက်သော ဒဏ်ရာဖြစ်ပါက သေဆုံးသူ၏ ဦးခေါင်းအနေအထားမှာ အကောင်းပကတိ ရှိရန် မဖြစ်နိုင်ကြောင်း၊ အမှန်တရားလိုလားသည့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ၏ သုံးသပ်ချက်များလည်း လက်ခံရရှိပါသည်။  
    
သို့ဖြစ်၍ မကြယ်စင်သေဆုံးမှုအတွက် ဖြစ်စဉ်အမှန်အမြန်ဆုံးပေါ်ပေါက်စေရေး သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် ရရှိအချက်များအား အချိန်နှင့်  တပြေးညီ ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။