ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် ချုပ်ဆိုသော ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် သဘောတူညီချက် ၂ဝ ချက်နှင့် ၂ဝ၂ဝ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ ပါရှိပြီး အပိုင်း(၃)ပိုင်းဖြင့် ချုပ် ဆိုနိုင်ခဲ့သည်။ အဆိုပါ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို အစုအဖွဲ့ အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက အောက်ပါအတိုင်း လက်မှတ်ရေးထိုးကြသည်-