ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ စိုက်ခင်းကွင်း သရုပ်ပြ

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ် ကွင်းအမှတ်(၁) ဦးပိုင်(၂၁) စိုက်ဧက သုံးဧကလယ်မြေ ၌ သြဂုတ် ၂၁ ရက်တွင် စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးနှင့် မှိုသတ်ဆေးများ စနစ်တကျ သုံးစွဲတတ် စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့သရုပ်ပြသကြောင်း သိရ သည်။

ထို့ပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေလွင်နှင့် စိုက်ပျိုးရေး ဝန်ထမ်းများ က တောင်သူဦးစိုင်းရွှေ လယ်ယာမြေတွင် စိုက်စနစ်သရုပ်ပြခြင်း၊ ဓာတ်မြေသြဇာအချိန်ကိုက်၊ အချိုး ကျရောစပ်ပြီးကြဲပက်ခြင်း၊ ပိုးမွှားရောဂါကြိုတင် ကာကွယ်ရေး နည်းလမ်းများ နှင့်ပိုးမွှားရောဂါ ကျရောက်ပါက ကာကွယ်ကုစားသင့်သော နည်းလမ်းများကိုလည်း ပညာပေး ပြောကြားသည်။

မယ်စဲ့မြို့နယ်တွင် ဧက ၃ဝဝ ကို အဆင့်မြင့်နည်းပညာသုံး၍ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ နည်းပညာ သုံးစံပြကွက်၊ စမ်းသပ်ကွက်များ ဆောင်ရွက်နေသည့် အကျိုးဆောင်တောင်သူများကို ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဓာတ်မြေသြဇာများ အခမဲ့ထောက်ပံ့ပေးထားကြောင်း သိရသည်။