သတင်းထုတ်ပြန်ခြင်း

သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ မတ်လ ၈

နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းသာယာမှုကို ပျက်ပြားစေရေးနည်းမျိုးစုံဖြင့် ဆောင်ရွက် နေကြသော အဖျက်အမှောက်အုပ်စုများအနေဖြင့် နိုင်ငံတော်အစိုးရဆန့်ကျင်ရေးအား နေ့စဉ်နှင့်အမျှ ပုံဖော်ဆောင်ရွက်နေကြရာတွင် အေးချမ်းစွာဆန္ဒပြသည့်ခေါင်းစဉ်မှ ဆူပူအဖျက်အမှောက်ပြုလုပ်ခြင်း၊ ၎င်းမှ အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ရပ်များကို လွန်ကဲစွာကျူးလွန်ဆောင်ရွက်ခဲ့ကြသဖြင့် အများပြည်သူ လူထု၏ လိုလားချက်ကိုရှေးရှုကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နေ့/ညမပြတ် လုံခြုံရေးတာဝန် များ ထမ်းဆောင်လျက်ရှိပါသည်။

ဆူပူအကြမ်းဖက်သူလူစုအနေဖြင့် လူအားဖြင့် လှုပ်ရှားမှုများအပြင် အစိုးရဆန့်ကျင်ရေးစာ တမ်းများအား အများပြည်သူပိုင်လမ်းမကြီးများပေါ်တွင် ဆေးရေးခြယ်ခြင်း၊ ညအချိန်တွင် အစိုးရ ဆန့်ကျင်ရေးစာသားများပါ ဖယောင်းတိုင်ထွန်းခြင်းစသည်ဖြင့် လူစုလူဝေးဖြစ်ပေါ်အောင် လှုံ့ဆော် ဆောင်ရွက်ခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက် အခြေအနေအခွင့်သာမှုအပေါ် မူတည်၍ ဆောင်ရွက်လျက်ရှိကြသည်။

ထိုကဲ့သို့ ဆောင်ရွက်နေမှုများအပြင် ယခုရက်ပိုင်းအတွင်း၌ နိုင်ငံတော်အကြီးအကဲ၏ ဓါတ်ပုံ များအား ဗွီနိုင်း/စက္ကူများဖြင့် ပုံနှိပ်ထုတ်လုပ်ပြီး လမ်းမကြီးများနှင့် လူသွားလမ်းကြောင်းများတွင် ချထားခြင်း၊ အုတ်တံတိုင်းတွင်ကပ်ခြင်း၊ သင်္ချိုင်းအုတ်ဂူများတွင် ကပ်ထားခြင်းစသည်ဖြင့် မသင့် မလျော်လုပ်ဆောင်နေသည်ကို တွေ့ရှိရပါသည်။

၎င်းကဲ့သို့ နိုင်ငံတော်အစိုးရအား ဆန့်ကျင်သည့် ရည်ရွယ်ချက်မျိုးဖြင့် ပုံနှိပ်ထုတ်ဝေခြင်း၊ မိတ္တူကူးခြင်း စသည့်လုပ်ငန်းရပ်များကို စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်နေကြသော ကွန်ပျူတာ ဆိုင်များ၊ မိတ္တူကူးဆိုင်များသည် (၂၀၁၄) ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့် ငြိစွန်းသည့်အပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ(၅၀၅-က)ဖြင့် အရေးယူခံရသည့် ပြစ်မှုကျူးလွန်မှုများကို ဆောင်ရွက်နေခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။

သို့ဖြစ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်း အဆိုပါစီးပွားရေးလုပ်ငန်းများကို ဆောင်ရွက် နေကြသော ကွန်ပျူတာဆိုင်များ၊ မိတ္တူကူးဆိုင်များအနေဖြင့် ၎င်းလုပ်ငန်းရပ်များတွင် ပါဝင်ဆောင် ရွက်ခြင်းမပြု(မပြု)လုပ်ကြရန်နှင့် စစ်ဆေးရှာဖွေတွေ့ရှိရပါက ဥပဒေနှင့်အညီအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။