ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၂ဝ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် လိုင်စင်မဲ့ယာဉ်များသိုလှောင်ထား ကြောင်း သတင်းအရ မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ စုံတောမြိုင်လမ်းနှင့် ပတ်ဝန်းကျင် တစ်ဝိုက် အား ရှာဖွေဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ လိုင်စင်မဲ့မော်တော်ယာဉ် ၅၆ စီးနှင့် လိုင်စင်မဲ့ မော်တော် ဆိုင်ကယ် ၁၂ စီးအား သိမ်းဆည်းရမိခဲ့သည်။ အဆိုပါသိမ်းဆည်းရမိ လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား မြဝတီမြို့ ခရိုင်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ ကြောင်း သတင်းရရှိသည်။