ကျွန်းစုမြို့နယ်အတွင်း တရားမဝင်သစ်များ တင်ဆောင်ထားသည့် စက်လှေများ ဖမ်းဆီးရမိ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များ သည် ယနေ့နံနက် ၈ နာရီ မိနစ် ၂ဝ ခန့်တွင် ဒုံးကျွန်း၏အနောက်ဘက် ကမ်းခြေ၌ ဆိုက်ကပ်ထား သည့်အလျား ၄၅ ပေ၊ အနံ ၈ ပေ၊ ရေစူး ၄ ပေခန့်ရှိ စက်လှေတစ်စင်းပေါ်မှ တောသစ်ခွဲသားဆိုဒ်စုံ ၆ တန်ခန့်အားလည်းကောင်း၊ နံနက်၉ နာရီခန့်တွင် ဝက်ဖြူတောင်အရှေ့ဘက် ကမ်းခြေ၌ ဆိုက်ကပ် ထားသည့် အလျား ၄၅ ပေ၊ အနံ ၁ဝ ပေ၊ ရေစူး ၆ ပေခန့်ရှိ စက်လှေပေါ်မှ တောသစ်ခွဲသားဆိုဒ်စုံ ၅ ဒသမ ၅ တန်ခန့်ကိုလည်းကောင်း တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ စက်လှေများနှင့် တရားမဝင်သစ်များအား ကျွန်းစုမြို့ သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။