စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း မရှိသည့် ဆိုင်များ စစ်ဆေး

မွန်ပြည်နယ် ကျိုက်မရော မြို့နယ်အတွင်းရှိ COVID-19 ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်း ချက်များနှင့်အညီ ရောင်းချခြင်းမရှိသည့် ဆိုင်များကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက သြဂုတ်၂ဝ ရက် နံနက်ပိုင်းတွင် ရှောင်တခင်လိုက်လံ စစ်ဆေးကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လက်ဆေးရန် ဘေစင်များရှိ၊ မရှိ၊ စားသုံးသူနှင့် စားသောက်ဆိုင်ပိုင်ရှင်များ နှာခေါင်းစည်းတပ်ဆင်ထားခြင်းရှိ၊ မရှိ၊ တစ်ဦးနှင့်တစ်ဦး ၃ ပေအကွာတွင်ထားရှိခြင်း ရှိ၊ မရှိနှင့်လက်သန့်ဆေးရည်များ ထားရှိခြင်း ရှိ၊ မရှိတို့ကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လိုက်လံစစ်ဆေးကြပြီး ညွှန်ကြားချက်များနှင့် လုပ်ဆောင်မှု မရှိသည့် ဆိုင်ပိုင်ရှင် များအား ပထမအကြိမ် ဝန်ခံကတိ လက်မှတ်ရေးထိုးစေခြင်းများကို ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။