ကန်ကြီးထောင့်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား  NLD ဝန်းရံသူများက မီးရှို့

 

ကန်ကြီးထောင့်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား  NLD ဝန်းရံသူများက မီးရှို့

နေပြည်တော် ၊ မတ် - ၁၅
    
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စုရှိ  ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ကျေးရွာနေ NLD ဝန်းရံသူများက မတ် ၁၄ ရက် ည ၇ နာရီ ၅ မိနစ်ခန့်တွင် ဓာတ်ဆီလောင်းမီးရှို့ခဲ့ကြောင်းသိရသည်။
    
မီးလောင်မှုဖြစ်ပွားရာနေရာသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူ များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ည ၈ နာရီ ၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင် မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ရုံးခန်းအတွင်းရှိ ပရိဘောဂ ပစ္စည်းများမီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ 
    
အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကန်ကြီးထောင့်မြို့မရဲစခန်းမှ စုံစမ်း ဖော်ထုတ်၍ တရားဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။