အောင်မြေသာစံမြို့နယ်၊ မန္တလေးဗဟိုအကျဉ်းထောင်စစ်ဆေးရေးဂိတ်ရှေ့၌ လက်လုပ်မိုင်း သယ်ဆောင်လာသူ  ၂ ဦးအား ဖမ်းဆီးရမိ

 

အောင်မြေသာစံမြို့နယ်၊ မန္တလေးဗဟိုအကျဉ်းထောင်စစ်ဆေးရေးဂိတ်ရှေ့၌ လက်လုပ်မိုင်း သယ်ဆောင်လာသူ  ၂ ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် - ၁၅
    
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက် (၄၀)၊ (၁)လမ်းနှင့် အိုးဘို(ဗ)လမ်းထောင့်၊ မန္တလေးဗဟိုအကျဉ်းထောင်စစ်ဆေးရေးဂိတ်ရှေ့  ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ယနေ့နံနက် ၈ နာရီခွဲခန့်တွင် အရပ်သား ၂ ဦး စီးနင်းလာသော မော်တော်ဆိုင်ကယ် ၂ စီး အား ရပ်တန့်စစ်ဆေးရာ လက်လုပ်မိုင်း ၂ လုံးနှင့် ကျင်စက် ၁ ခုတို့အား သိမ်းဆည်းရမိခဲ့ သည်။
    
ဖြစ်စဉ်မှာ မန္တလေးဗဟိုအကျဉ်းထောင်ဂိတ်ရှေ့လမ်း အနောက်မှ အရှေ့သို့ ပြည်ကြီး တံခွန်မြို့နယ်၊ လှိုင်သာယာရပ်ကွက်နေ ပိုင်ဇေဦး (ဘ)ဦးသိန်းနိုင် မောင်းနှင်လာသော YUNDE အမျိုးအစားလိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှင့် ချမ်းအေးသာစံမြို့နယ်၊ ၃၂ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား၊ ရန်မျိုးလုံရပ်ကွက်နေ သန်းထိုက်စံ(ဘ)ဦးမြင့်ဝင်း မောင်းနှင် လာသည့် HONDA  Click-125 အမျိုးအစား မော်တော်ဆိုင်ကယ်တို့အား လုံခြုံရေးတပ်ဖွဲ့ ဝင်များက ရပ်တန့်စစ်ဆေးရာ ပိုင်ဇေဦး၏ ကျောပိုးအိတ်အတွင်းမှ PR စာတမ်းပါကတ်ထူ စက္ကူပတ်ထားသော အချင်း ၁ ဒသမ ၈ လက်မ၊ အရှည် ၅ လက်မခန့်ရှိ စနက်တံကြိုးပါ စက္ကူပတ်လက်လုပ်မိုင်း ၁ လုံး၊ စာတမ်းမပါ အချင်း ၁ ဒသမ ၈ လက်မ၊ အရှည် ၅ လက်မခန့်ရှိ စနက်တံကြိုးပါ စက္ကူပတ်လက်လုပ်မိုင်း ၁ လုံး၊ 704  စာတမ်းပါ အရှည် ၆ လက်မ၊ ဗျက် ၁ ဒသမ ၅ လက်မခန့်ရှိ အနက်ရောင်ကျင်စက် ၁ ခုတို့အား သိမ်းဆည်းရမိခဲ့ပြီး  ပိုင်ဇေဦး ၏ ပြောကြားချက်အရ လက်လုပ်မိုင်းနှင့် ကျင်စက်တို့အား  အိုးဘိုထောင်အတွင်းရှိ ဆူပူဆန္ဒပြမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ၎င်းင်း၏ အကိုဝမ်းကွဲတော်စပ်သူ ဇင်မင်းခန့် အား သွားရောက် တွေ့ဆုံပို့ဆောင်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရ သည်။
    
အဆိုပါဖမ်းဆီးရမိသူ ၂ ဦးအား အောင်မြေသာစံမြို့နယ်၊ ရဲစခန်းမှ လုပ်ထုံးလုပ်နည်း နှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။a