နေပြည်တော် မတ် ၁၈
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ ဒုတိယအကြိမ် တိုက်၊ အခန်းသော့များ လွှဲပြောင်းပေးအပ် ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ အိမ်ရာ၌ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင် များ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများက အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ ဆောက်လုပ် ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူ တို့က အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ နေထိုင်ခွင့်လက်မှတ်နှင့် အခန်းသော့များ၊ စားသောက်ဖွယ်ရာများ ပေးအပ်ပြီး အဆင့် မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (စစ်တွေ) ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အိမ်ရာဝင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။