ယူရိုပါလိဂ်ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့် ပွဲစဉ်အဖြစ် မတ် ၁၉ ရက် နံနက်ပိုင်းက ကစားခဲ့သည့် ဒိုင်နမိုဇာဂရက် အသင်းနှင့် စပါးအသင်းတို့ ပွဲစဉ်တွင် စပါးအသင်းအနေဖြင့် ဒိုင်နမိုဇာဂရက်အသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် အသင်းပရိသတ်များက နည်းပြမော်ရင်ဟိုကို ရာထူးမှထုတ်ပယ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် နည်းပြရာထူးမှ ထုတ်ပယ်ခံရရန် ရေပန်းစားလျက် ရှိကြောင်း သိရသည်။
စပါးအသင်းသည် ပထမအကျော့ အိမ်ကွင်း၌ ဒိုင်နမိုဇာဂရက် အသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သော်လည်း ဒုတိယအကျော့ ပွဲစဉ်တွင် ၃ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့်အတွက် ပရိသတ်များက နည်းပြမော်ရင်ဟို၏ စွမ်းဆောင်ရည်များအပေါ် စိတ်ဆိုးဒေါသ ထွက်ခဲ့ကြသည့်အတွက် ရာထူးမှ ထုတ်ပယ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
နည်းပြမော်ရင်ဟိုသည် ယခုနှစ်ဘောလုံးရာသီတွင် စပါးအသင်းနှင့်အတူ ရာသီအစပိုင်းက ရလဒ်များ ကောင်းမွန် ခဲ့သော်လည်း နောက်ပိုင်းတွင် ရလဒ်များ မတည်မငြိမ် ဖြစ်နေခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရသည့်အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း အဆင့်(၈)နေရာ၌ ရပ်နေပြီး လာမည့်နှစ်ဘောလုံး ရာသီတွင် ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ပင် မရေမရာ ဖြစ်နေခြင်းဖြစ်သည်။
ပရီးမီးယားလိဂ် ပြိုင်ပွဲမှ ရာသီမကုန်ဆုံးမီ ထုတ်ပယ်ခံရနိုင်သည့် နည်းပြများတွင် နည်းပြမော်ရင်ဟိုက ထိပ်ဆုံးမှ ရေပန်းစားလျက် ရှိကြောင်း သိရသည်။
Ref;The Guardian