ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလျှင် အသင်းပိုင်ရှင်က ဟာလန်းကို ပေါင် သန်း ၁၃၀ ဖြင့် ခေါ်ယူမည်ဟု ကတိပြု

ချယ်လ်ဆီး အသင်းပိုင်ရှင်    အီဗရာဟီမိုဗစ်ချ်က အသင်းအနေဖြင့် လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိပါက  ဟာလန်းကို  ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၃၀ ဖြင့် ခေါ်ယူမည်ဟု နည်းပြတူချယ်လ်ကို ကတိပြုခဲ့ကြောင်း သိရသည်။

နည်းပြတူချယ်လ်က လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင်    အသင်းတိုက်စစ်ပိုင်းကို ကြီးကြီးမားမား    အပြောင်းအလဲ ပြုလုပ်နေသည့်အတွက် လက်ရှိတိုက်စစ်မှူး တီမိုဝါနာကို အလိုက်ပေးပြီး ဟာလန်းကိုကမ်းလှမ်းရန် အသင်းထံ တောင်းဆိုထားခြင်းဖြစ်သည်။   ယခုအခါ   အီဗရာဟီမိုဗစ်ချ် ကိုယ်တိုင်ကလည်း  အသင်းအနေဖြင့်  ချန်ပီယံလိဂ် ဝင်ခွင့်ရရှိလျှင် ဒေါ့မွန်အသင်းက သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေး  စတာလင်ပေါင်  သန်း  ၁၃၀  ဖြင့် ခေါ်ယူမည်ဟု နည်းပြတူချယ်လ်ကို ကတိပြုခဲ့ခြင်း ဖြစ်သည်။

ဒေါ့မွန်အသင်းက   ဟာလန်းကို  ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဆဲလ်ဘတ်အသင်းမှ ခေါ်ယူပြီးနောက် အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့ပြီး  ယခုနှစ်  ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ ကစားရာ၌  ၃၁ ဂိုးသွင်းယူနိုင်သည်အထိ  ခြေစွမ်းပြသနေသည့်အတွက်  ဥရောပ ထိပ်တန်းအသင်းကြီးများ ဖြစ်သည့် မန်စီးတီးအသင်း၊ ဘာစီလိုနာအသင်း၊ ရီးယဲလ်မက်ဒရစ်အသင်း၊ ဘိုင်ယန်မြူးနစ် အသင်းနှင့်  မန်ယူအသင်းတို့ပါ  အပြိုင်ကမ်းလှမ်းလာဖွယ် ရှိနေသည့်အတွက်   ဒေါ့မွန်အသင်းက မဖြစ်မနေ ရောင်းချရမည်ဆိုပါက   ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၁၃၀ အထိ သတ်မှတ် ထားကြောင်း သိရသည်။

Ref;Football London