ယနေ့ဓါတ်ခွဲခန်း အဖြေများတွင် COVID-19 ရောဂါပိုးတွေ့ လူနာသစ် ၂၂ ဦး ထပ်တိုး

နေပြည်တော်   သြဂုတ်  ၂၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီနှင့်  ည ၈  နာရီတို့တွင် COVID-19  ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍  သတင်းထုတ်ပြန်ချက်များအရ   ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာသစ် ၂၂ ဦး ရှိလာသဖြင့် စုစုပေါင်း ပိုးတွေ့လူနာ ၄၄၁ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်များတွင် (၂၁-၈-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာ၌ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)( NHL)မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော  ဓာတ်ခွဲနမူနာ ၆၄၅ ခုတွင်  COVID-19 ရောဂါဓာတ်ခွဲ  အတည်ပြလူနာသစ် ၁၆ ဦး တွေ့ရသည်။

(၂၁-၈-၂၀၂၀)ရက်အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL )မှ ဓာတ်ခွဲနမူနာ ၁၀၂၁ ခု၊ ဆေးသုတေသနဦးစီးဌာန(DMR)မှ ဓာတ်ခွဲနမူနာ ၂၅၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)( PHL,Mandalay)မှ ဓာတ်ခွဲနမူနာ ၁၁၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) (PHL, Mawlamyine)မှ ဓာတ်ခွဲနမူနာ ၁၈၄ ခုနှင့်ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၃၆ ခု စုစုပေါင်း ၁၆၀၉ ခုအား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

(၂၂-၈-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုး သားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်ဓာတ်ခွဲ နမူနာ ၃၄၀ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ ၁၂၇ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲ နမူနာ ၂၇၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) (PHL, Mawlamyine)မှ ဓာတ်ခွဲနမူနာ ၁၀၉ ခုနှင့် ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၃၉ ခု စုစုပေါင်း ၈၉၁ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ခြောက်ဦးတွေ့ရှိရသည်။

(၂၂-၈-၂၀၂၀)ရက်   ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၄၄၁ ဦးရှိပြီ ဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင်     နှစ်ကြိမ်ဆက်တိုက်ပိုး မတွေ့ရှိသူတစ်ဦး (ဃျေန-၃၆၀) ရှိသဖြင့်  ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၃၈ ဦးရှိသည်။ ၎င်းတို့အနက်  ၃၃၅  ဦးအား   ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သတ်မှတ်နေရာများတွင်  အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။

ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူခြောက်ဦးရှိသည်။

 (၂၁-၈-၂၀၂၀) ရက် မွန်းတည့် ၁၂ နာရီမှ (၂၂-၈-၂၀၂၀) ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် ၄၀ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။