Ar-K Club ကကြီးမှူးကျင်းပသည့် ဖိတ်ခေါ် 8 Ball ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် Pool ကစားသမား ဘုန်းမြင့်ကျော်သည် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ပြိုင်ဘက်ကစားသမားကို ရှုံးနိမ့်၍ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
Ar-K Club သည် ဘုန်းမြင့်ကျော်ကို စပွန်ဆာပေးထားသည့် ကုမ္ပဏီဖြစ်ပြီး ဘုန်းမြင့်ကျော်သည် Chinese 8 Ball ပြိုင်ပွဲနှင့် နူငအ Elite Tour 8 Ball ပြိုင်ပွဲယှဉ်ပြိုင်ရန် ယင်းကလပ်၌ လေ့ကျင့်နေစဉ်အတွင်း ဖိတ်ခေါ်ပြိုင်ပွဲတချို့ ဝင်ရောက်ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။
ဖိတ်ခေါ် 8 Ball ပြိုင်ပွဲကို သြဂုတ် ၁၈ ရက်မှ ၂၃ ရက်အထိ ကျင်းပခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် သြဂုတ်နောက်ဆုံးပတ်တွင် Chinese 8 Ball ပြိုင်ပွဲ တတိယလုပွဲနှင့် Elite Tour 8 Ball ပြိုင်ပွဲ တတိယဇုန်ပွဲစဉ်များ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဘုန်းမြင့်ကျော်သည် သြဂုတ်ပထမပတ်က ကျင်းပခဲ့သည့် Elite Tour 8 Ball ပြိုင်ပွဲအကြိုဗိုလ်လုပွဲတွင် တရုတ်ကစားသမားချူဘင်ဂျီကို နှစ်ရက်ဆက်ရှုံးနိမ့်၍ ဗိုလ်လုပွဲ တက်ရောက်ခွင့်နှင့် လွဲချော်ခဲ့သည်။
သို့သော် ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲ၏ တတိယလုပွဲအဖြစ် သြဂုတ် ၂၅ ရက်တွင် တရုတ်ကစားသမား ယူဟိုင်ထောင်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ကိုရဲ