ပြင်ဦးလွင်မြို့၊ ဆင်လမ်းကျေးရွာ၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ဒေသန္တရလက်လုပ် သေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိ

နေပြည်တော်၊ မတ် - ၂၀

   

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ဆင်လမ်းကျေးရွာအုပ်စုအတွင်း၌ ဒေသန္တရလက်လုပ်သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းအရ မတ် ၁၉ ရက် ၁၁ နာရီခွဲခန့်တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးရှာဖွေရာ ဆင်လမ်းကျေးရွာနေ ကျော်ရဲအောင်() ဦးသောင်းဌေးအား ၎င်းင်းနေထိုင်ရာတဲအတွင်းမှ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် အရှည် ပေ လက်မခန့်ရှိ Gas  ဘူး၊ ကော်ပိုက်ပြာဖြင့်ပြုလုပ်ကာ ဖန်ဂေါ်လီဖြင့် ထည့်ပစ်ရသည့် ဒေသန္တရလက်လုပ်သေနတ် လက်နှင့် အဖြူရောင်ပိုက်သွယ်တန်းလျက် အဝါရောင် Gas  ဘူးတစ်ဘူးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

   

အဆိုပါ ဖမ်းဆီးရမိသူနှင့် ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့်ပစ္စည်းများအား ပြင်ဦးလွင်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။