လုံခြုံရေးတပ်ဖွဲ့ဝင်များက ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၌ ဆူပူအကြမ်းဖက်သူများအား ဖြိုခွဲ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊  မတ် - ၂၀

   

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အတွင်း  တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည်   ယနေ့ညနေ နာရီခွဲခန့်တွင် နန်းတော်ရာရပ်ကွက်၊ ဆံတောင်တွင်းလမ်းအတွင်း၌ လုံခြုံရေးနှင့်လမ်းမပေါ်ရှိ အတား အဆီးများအား ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

   

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် ညနေ နာရီ ၄၀ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူ အင်အား ၂၀ ဦးခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးဂွ၊ ဂျင်ကလိ၊ ကျောက်ခဲများဖြင့် ရန်ပြုတိုက်ခိုက်လာသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့ရာ ဆူပူအကြမ်းဖက်သူများအနက် ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

   

အဆိုပါဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သေဆုံးသူအလောင်းအား နယ်မြေခံရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိသူများကို အချိန်တိုအတွင်းဖမ်းဆီးရမိရေး တာဝန်သိပြည်သူများနှင့် ပူးပေါင်းဖော်ထုတ်လျက်ရှိကြောင်း  သတင်းရရှိသည်။