နေပြည်တော် ၊ သြဂုတ် - ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၄ နာရီ ၂၅ မိနစ်ခန့်တွင် ပုလောမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅ မိုင်ခန့်အကွာသို့ အရောက်၌ မသင်္ကာဖွယ် လှေတစ်စီးတွေ့ရှိသဖြင့် သွားရောက် စစ်ဆေးရာ ငါးခိုးဖမ်းနေသော လှေတစ်စီးပေါ်မှ ဦးဝေယံထက်စိုး(ဘ) ဦးသိန်းဌေးနှင့် ဦးဆန်းဦး (ဘ)ဦးလှအေး တို့ ၂ ဦးအား တွေ့ရှိ ဖမ်းဆီးရမိခဲ့ သည်။
အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက နံနက် ၉ နာရီခွဲခန့်တွင် လေးကျွန်း အနောက်ဘက် ၄ မိုင်ခန့်အကွာသို့ အရောက်၌ ငါးခိုးဖမ်းနေသော ခန့်ဇွဲသာအမည်ရှိ ငါးဖမ်းလှေပေါ်မှ ဦးမင်းသိန်းထူး(ဘ)ဦးဂွမ်နိုင်အပါအဝင် အမျိုးသား ၆ ဦးအား ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများနှင့် လှေများအား ပုလောမြို့နယ်၊ ငါးလုပ်ငန်းဦးစီး ဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။