မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ရဲအရာရှိတစ်ဦး၏ဇနီးအား အကြမ်းဖက်သူလူအုပ်စုမှ အကြောင်းမဲ့ရန်ပြုဝိုင်းဝန်းရိုက်နှက်

နေပြည်တော်  မတ်  ၂၄

၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့ ည ၁၀ နာရီ မိနစ် ၅၀ အချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ဝင်မင်ဂံ ကျေးရွာနေ ရဲအရာရှိတစ်ဦး၏ ဇနီးဖြစ်သူသည် နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ  လှစိုး(စိစစ်ဆဲ)ပါ အကြမ်း ဖက်သူလူစုလူဝေးအင်အား ၃၀ ဦးခန့်မှ ၎င်း၏နေအိမ်ရှေ့သို့ ရောက်ရှိလာပြီး “စစ်သား၊ ရဲသား အလိုမရှိ၊ စစ်အာဏာရှင်အလိုမရှိ၊ ခွေးတွေ” အစရှိသဖြင့် အော်ဟစ်ဆဲဆိုပြီး နေအိမ်အတွင်းသို့ လေးခွများဖြင့် ပစ်ခတ်ဝင်ရောက်၍ ရဲအရာရှိ၏ဇနီးဖြစ်သူအား တုတ်ဖြင့် အကြမ်းဖက်ရန်ပြု ဝိုင်းဝန်းရိုက်နှက်ခဲ့၍   ဝဲလက်နှင့်မျက်နှာတို့တွင် ဖူးယောင်နာကျင်ဒဏ်ရာများ ရရှိခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲအရာရှိ၏ဇနီးအား အကြောင်းမဲ့အကြမ်းဖက် ရန်ပြုတိုက်ခိုက်ခဲ့သည့် ဝင်မင်ဂံ ကျေးရွာနေ လှစိုးပါ ၃၀ ဦးအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး တရားခံ များအား အမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ရဲအရာရှိ၏ဇနီးနှင့် မိသားစုဝင်များအား လုံခြုံသောနေရာတွင်  စောင့်ရှောက်ထားရှိကြောင်း သတင်းရရှိသည်။              

  (၁၀၀)