Quarantine Center မှ သတ်မှတ်ရက်ပြည့်မြောက်သည့် သိရိလင်္ကာနိုင်ငံတွင် ပညာတော် သင်သွားရောက်ခဲ့ကြသော ရဟန်းတော်(၉၁)ပါး နေရပ်အသီးသီးသို့ ပြန်လည်ကြွချီ

နေပြည်တော်၊ မတ် - ၂၄

သီရိလင်္ကာနိုင်ငံတွင် ပညာတော်သင်သွားရောက်ခဲ့ကြသည့် ရဟန်းတော်(၉၁)ပါး အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းရပ်ကွက်၊လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)အနီး မင်းဓမ္မကုန်းမြေရှိ သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်ရှိ Covid-19 ရောဂါ သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိသည့် Quarantine Center ၌သီးသန့်ထားရှိရာ ယနေ့တွင် သတ်မှတ်ရက်ပြည့်မြောက်သဖြင့် သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်လည်ကြွချီတော်မူကြသည်။
    
ထိုသို့ကြွချီတော်မူရာတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ သာသနာရေးဦးစီးဌာန၊ တိုင်းဒေသကြီး သာသနာရေးဦးစီးမှူး ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများက ဖူးမြော်ကြည်ညို ခဲ့ကြပြီး တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် ပို့ဆောင် နှုတ်ခဲ့ကြကြောင်း သတင်းရရှိသည်။