ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများ၊ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်

နေပြည်တော်၊ မတ် - ၂၄

    

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်()မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်း များဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။

   

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကလေးမြို့၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ဒိုက်ဦးမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များ စုစုပေါင်း ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်()မျိုး၊ Covid-19  ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်း များနှင့် လှူဖွယ်ပစ္စည်း များကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကလေးမြို့၊ မန္တလေး တိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ဒိုက်ဦးမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက် စုစုပေါင်း ၁၂ ကျောင်းရှိ သံဃာတော် များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

   

ထို့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလားမြို့နယ် တာပင်းကျေးရွာအုပ်စု၊ ဝမ်ညှပ်ကျေးရွာ၊ ဝမ်ညှပ်ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား တပ်မတော်မှ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေး နေမှုများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။