ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ငမိုးရိပ်ကြိုးတံတား၌ အတားအဆီးများပြုလုပ်မီးရှို့လျက် ရှိသော ဆူပူအကြမ်းဖက်သူများအား ဖြိုခွဲထိန်းသိမ်း

နေပြည်တော်၊ မတ် - ၂၇

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ငမိုးရိပ်ကြိုးတံတား၌ မတ် ၂၆ ရက်ည နာရီခွဲခန့်တွင် ဆူပူအကြမ်းဖက်သူများက အတားအဆီးများပြုလုပ်၍ တာယာကွင်းများ မီးရှို့လျက်ရှိကြောင်း သိရှိရသောကြာင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်း မီးငြှိမ်းသတ်လျက်ရှိစဉ် အကြမ်းဖက်သူ ၂၀ ဦးခန့်က ဂျင်ကလိ၊ မီးပုလင်း၊ လေးခွတို့ဖြင့် အန္တရာယ်ပြု ပစ်ခတ်ခဲ့လာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ပြန်လည်ပစ်ခတ်၍ လူစုအားဖြိုခွဲထိန်းသိမ်းခဲ့သည်။

 

အဆိုပါ အကြမ်းဖက်ပြုလုပ်ခဲ့သည့်နေရာ ပတ်ဝန်းကျင်အား အသေးစိတ်စစ်ဆေး ခဲ့ရာ ထိခိုက်ဒဏ်ရာများ ရရှိကာ သေဆုံးလျက်ရှိသည့် အမျိုးသား ဦးအား တွေ့ရှိခဲ့ရပြီး လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။