ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက်သည့် အမျိုးသား ၂ ဦးအား လက်ပစ်ဗုံး ၂ လုံးနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၂၇

 

၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက် နေ့လည် နာရီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်အတွင်း၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် လှည့်ကင်းယာဉ်များဖြင့် လှည့်ကင်းဆောင်ရွက်နေစဉ် မလွှကုန်းဌေးကြွယ် (က)ရပ်ကွက်၊ မနေဟရလမ်းအရောက်၌ မသင်္ကာဖွယ်တွေ့ရှိသည့် ယာဉ်အမှတ် YGN 7F-8709 Toyota Ractis အဖြူရောင်ယာဉ်အား စစ်ဆေးရန်တားဆီးစဉ် ယာဉ်ပေါ်ပါသူများထဲမှ ဦးမှ လက်ပစ်ဗုံးဟုယူဆရသော ဗုံး လုံးဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့ပြီး ယာဉ်ပေါ်မှဆင်းကာ ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကျော်သူမြင့်နှင့် ခင်မောင်ကျော်တို့ ဦးအား ဗုံး လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အနီးရှိ တိုက်ပေါ်သို့ တက်ပြေးသွားသည့် ကျန်အမျိုးသား ဦးသည် တိုက်လှေကားထိပ် အရောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ရန်ပြုလုပ်စဉ် ၎င်း၏လက် အတွင်း ပေါက်ကွဲသွားသဖြင့် နေရာတွင် သေဆုံးသွားခဲ့ပါသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ပေါက်ခဲ့သော မပေါက်ကွဲဘဲကျန်ရှိသည့် လက်ပစ်ဗုံး လုံးအား စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက ပြည်သူလူထုအန္တရာယ်ကင်းရှင်းအောင် စနစ်တကျ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းနှင့် ဖမ်းဆီးရမိ တရားခံများနှင့် အကြမ်းဖက်မှုကျူးလွန်ရာတွင် ပူးပေါင်း ပါဝင်ပတ်သက်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လိုအပ်သော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။