ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုခဲ့သည့် လက်ပစ်ဗုံးများနှင့် ပက်သက်၍ သုံးသပ်တွေ့ရှိချက် ထုတ်ပြန်ခြင်း

နေပြည်တော်၊ မတ် ၂၇

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက် ရန်ပြုပစ်ခတ်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် လက်ပစ်ဗုံးများအနေဖြင့် ၂၀၂၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် လှိုင်မြို့မရဲစခန်းအား တိုက်ခိုက်မှုဖြစ်စဉ်တွင် လက်ပစ်ဗုံး လုံးစလုံး ပေါက်ကွဲခဲ့ပြီး လက်ပစ်ဗုံးပစ်ခတ်စဉ် လွင့်စင်ကျခဲ့သည့် လီဗာတံ ချောင်းနှင့် ဗုံးအိမ်ခေါင်း ခု၊ ဘောစိအစအနများ တွေ့ရှိရပြီး ၎င်းအစအနများနှင့် လီဗာတံပုံစံတူ ချောင်းအား မတ်လ ၂၇ ရက်နေ့ ကြည်မြင်တိုင် မြို့နယ်၊ မြို့မရဲစခန်းအား လာရောက်ပစ်ခတ်သည့် လက်ပစ်ဗုံး လုံးပေါက်ကွဲရာနေရာတွင် ထပ်မံတွေ့ရှိခဲ့ရပါသည်။

 

၎င်းဖြစ်စဉ် ခုအရ အကြမ်းဖက်မှုဆောင်ရွက်သူအဖွဲ့အနေဖြင့် အသုံးပြုသည့် လက်ပစ်ဗုံး အမျိုးအစားတူ(ထုတ်လုပ်သည့်နိုင်ငံနှင့် အမျိုးအစား စိစစ်ဆဲ)များအား အသုံးပြုခဲ့ကြောင်း တွေ့ရှိရပြီး တာမွေမြို့နယ်အတွင်း ဖမ်းဆီးရမိသည့်ဖြစ်စဉ်တွင် အမျိုးအစား မတူညီသော လက်ပစ်ဗုံး (ထုတ်လုပ်သည့်နိုင်ငံနှင့် အမျိုးအစား စိစစ်ဆဲ)များ အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။

 

သို့ဖြစ်ပါ၍ ရန်ကုန်မြို့အတွင်း သောင်းကျန်းသူနယ်မြေများ၊ နယ်စပ်ဒေသများမှ လက်ပစ်ဗုံးနှင့် အမျိုးအစားတူ လက်နက်ခဲယမ်းများ ဝင်ရောက်လာနိုင်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။