မြို့နယ်အချို့၌ နိုင်ငံတော်ပိုင် အဆောက်အဦများ၊ ရဲတပ်ဖွဲ့စခန်းများအား ဆူပူအကြမ်းဖက်သူ လူအုပ်စုမှ မီးရှို့ဖျက်ဆီးခြင်း၊ လက်လုပ်မိုင်း၊ မီးပုလင်းများဖြင့် ပစ်ပေါက်

နေပြည်တော်၊ မတ် ၂၇

၂၀၂၁ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ည ၁၁ နာရီ ၅ မိနစ်အချိန်ခန့်တွင် တမူးမြို့နယ်ရှိ ကန်ကြီးဝ (၁၄)တံတားရဲကင်းနှင့် ချောင်းနက်ကြီးရဲကင်းအဆောက်အဦများအား ဆူပူအကြမ်းဖက်သူ လူအုပ်စုမှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရဲကင်းအဆောက်အဦများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါသည်။

 အလားတူ မတ်လ ၂၇ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ "မြဝတီ"ဘဏ်အား အမျိုးသား ၈ ဦး(စိစစ်ဆဲ)မှ ဆိုင်ကယ် ၄ စီးဖြင့်ရောက်ရှိလာပြီး လက်လုပ်မိုင်း ၁ လုံး၊ မီးပုလင်း ၇ လုံးတို့ဖြင့် ပစ်ပေါက်ကာ ဘဏ်ရှေ့လမ်းမပေါ်တွင် မီးပုလင်းအသေး ၁၅ လုံးခန့် အား ဂျက်ဖာအတွင်းထည့်၍ မီးရှို့ထွက်ပြေးသွားခဲ့သဖြင့် ဘဏ်လုံခြုံရေးဝန်ထမ်းများမှ မီးငြှိမ်းသတ် ခဲ့ပြီး လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဘဏ်ရှေ့မျက်နှာစာ အမိုးမှန်တစ်ချပ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။