ဆူပူအကြမ်းဖက်မှုများဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံဖမ်းဆီးရမိ

နေပြည်တော်၊ မတ် - ၂၈
    
ဆူပူအကြမ်းဖက် သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့်ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေသတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၂၇ ရက်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းအတိုင်းမောင်းနှင်လာသည့် မင်္သကာဖွယ်ဆိုင်ကယ်၂ စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ မောင်မောင်ဦး(ဘ)ဦးသိန်း၊ ထက်အောင်လင်း(ဘ)ဦးမိုးနိုင်ဦး နှင့် မြင့်မြတ်အောင်(ဘ)(စိစစ်ဆဲ)တို့ ၃ ဦးအား လက်လုပ်မိုင်း ၂ လုံး၊ ယမ်းထုပ် ၂ ထုပ်၊ ဆူပူ အကြမ်းဖက်မှုများလုပ်ဆောင်ရာတွင်အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ ၎င်းင်းတို့ ၃ ဦး၏ထွက်ဆိုချက်အရ ကျောင်းကြီးစုရပ်ကွက်၊ ဖရဲငွေတောင်လမ်း၊ အိမ်အမှတ်(ဖတ/၁၅၇)နှင့် ဝါးပြားတောင်၊ နယ်မြေ(၇)၊ စံပယ်လမ်း၊ အိမ်အမှတ်(မ/၃၇၇)တို့မှ လေသနတ် ၂ လက်၊ မီးစာတပ်ထားသည့် ဓာတ်ဆီပုလင်း ၁၃၄ လုံး၊ ဓား ၂ ချောင်း၊ ဒူးလေး ၁ လက်၊ အသံမိုင်း ၃ လုံး၊ အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ တွံတေးမြို့နယ်၊ ရွှေဆံတော်ဘုရားလမ်းနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းလမ်းကြားတို့၌ အာကဟိန်း(ဘ)ဦးသန်းလွင်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်၌ တင်ဆောင် လာသည့်အိတ်အတွင်းမှ လေသေနတ် ၁ လက်၊ အခြားဆက်စပ် ပစ္စည်းများအားလည်းကောင်း၊ ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်၊ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ကျောက်ဘုရားကျောင်းဝန်းအတွင်းရှိ ကာဆင်ခန်းမ၌ ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် ပစ္စည်းများအားလည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။ 
    
အလားတူ ယနေ့တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းရပ်ကွက်၊ မဟာသုခိတာ(၇)မ်း၌ ဆူပူအကြမ်းဖက်သူများပြုလုပ်ထားသည့် အတားအဆီးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းစဉ် ဆူပူအကြမ်းဖက်သူ ၅၀ ဦးခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးခွ၊ ဂျင်ကလိ၊ မြှား၊ ဓာတ်ဆီပုလင်းတို့ဖြင့်တိုက်ခိုက်ရန်ပြုလာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဖြင့်ခြောက်လှန့်ပစ်ခတ်ဖြိုခွဲခဲ့ရာ ၎င်းတို့အနက်မှ ဇော်လှိုင်ဝင်း(ဘ)ဦးလှထွန်းအား ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့်ပစ္စည်းများနှင့်လည်းကောင်းဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
    
ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုမည့် လက်နက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများကို ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ်မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။