မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်းသာယာစွာ နေထိုင်နိုင်စေရေးနှင့် ရပ်ရွာအေးချမ်းသာယာမှု ရှိစေရေးတို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ညမပြတ်လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်   မတ်   ၂၉

နိုင်ငံတော်   တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်   ရပ်ရွာ အေးချမ်းသာယာရေးတို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှစတင်၍ လုံခြုံရေးအား နေ့ညမပြတ် ပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း မိဘပြည်သူများအနေဖြင့်  စိတ်အေးချမ်းသာယာစွာ နေထိုင်နိုင်စေရေး၊ ရပ်ရွာအေးချမ်းသာယာမှုရှိစေရေးတို့အတွက်    တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ လှည့်ကင်း၊ ပတ်ကင်းများဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို     ဆက်လက် ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက   နေ့ညမပြတ် လုံခြုံရေး တာဝန်များကို   ဆက်လက်ထမ်းဆောင်ပေးသွားမည် ဖြစ်ကြောင်း   သတင်းရရှိသည်။