မြို့နယ်အချို့တို့၌ လက်လုပ်သေနတ်များ၊ ဒူးလေးနှင့် ဆက်စပ်ပစ္စည်းများ လုံခြုံရေးတပ်ဖွဲ့ ဝင်များထံသို့ လာရောက်အပ်နှံ

နေပြည်တော်၊ မတ် - ၃၀

   

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်နှင့် ကျွန်းစုမြို့နယ်များအတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များကိုင်ဆောင်နေကြောင်း သတင်းအရ မတ် ၂၉ ရက်နှင့် ယနေ့တို့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင် လက်နက် ကိုင်ဆောင်ခြင်းသည် တရားဥပဒေဖြင့် ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားသည်။

   

ယင်းသို့ရှင်းလင်းပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည်သဘော ပေါက်ကာ တူမီးသေနတ် ၆၀ လက်နှင့် လက်လုပ်သေနတ် လက်တို့အား ၎င်းင်းတို့သဘော ဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက်အပ်နှံခဲ့ကြသည်။

   

အလားတူ မတ် ၂၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊  မော်လမြိုင်ကျွန်းမြို့နယ် ကျွဲတလင်းကျေးရွာမှဒေသခံပြည်သူတစ်ဦးက လက်လုပ်သေနတ် လက်အား ၎င်းင်း၏ သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့  လာရောက်အပ်နှံခဲ့ကြကြောင်း သတင်းရရှိသည်။