ဆူပူအကြမ်းဖက်မှုများဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ  ထပ်မံဖမ်းဆီးရမိ

နေပြည်တော်၊ မတ် - ၃၀

 

ဆူပူအကြမ်းဖက် သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့်ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေသတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၂၉ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက်(၁၁) နယ်မြေ() မောင်အိုက်လာ()ဦးအိုက်ပီး အား လက်လုပ်သေနတ် လက်၊ အခြားဆက်စပ် ပစ္စည်းများဖြင့်လည်းကောင်း၊ မူဆယ်မြို့၊ တောင်ရပ်ကွက်၊ ကမ္ဘောဇဘဏ်()ရှေ့၌ ဆူပူအကြမ်းဖက်သူ ၃၀ ဦးခန့်က  အုတ်ခဲ၊ ပုလင်းများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြု တိုက်ခိုက်လာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ ၎င်းတို့အနက်မှ ဟိန်းမင်းဦး()ဆံရှည်()ဦးမြင့်ထူးအပါအဝင် အမျိုးသား ဦး၊ တို့အား ဓား   ချောင်း၊ အခြားဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်း ရပ်ကွက်ရှိ ကျူးကျော်တဲတစ်လုံးအတွင်းမှ လက်လုပ်သေနတ် လက်၊ မီးစာတပ်ထားသည့် ဓာတ်ဆီပုလင်း ၄၆ လုံး၊ အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ပင်လုံရင်ပြင်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်ဝင်^ ထွက်မှုများ စစ်ဆေး ဆောင်ရွက်စဉ် တောင်ဥက္ကလာပမြို့နယ်ဘက်မှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အမှတ်၊ YGN 5Q/ -------  Suzuki အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ရဲကိုကို()ဦးလှမြင့်အား လက်လုပ်အသံဗုံး လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ပုသိမ်မြို့၊ အမှတ်()ရပ်ကွက်၊ ဘန့်ဘွေးကုန်းနှင့် ကမ္မဆန်လမ်းဆုံ၌ ဆူပူအကြမ်းဖက်သူ ၁၀၀ ဦးခန့်က တာယာကွင်းများ မီးရှို့ပိတ်ဆို့၍ လေသေနတ်များ၊ ဂျင်ကလိများ၊ လေးခွများ၊ မီးပုလင်းများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား စတင်ရန်ပြုတိုက်ခိုက်လာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ ၎င်းတို့အနက်မှ ဇော်အေး()ဦးညွန့်မောင်အား ဒူးလေး ၁၀ လက်၊ လက်လုပ်သေနတ် လက်၊ ဂျင်ကလိ ၄၁ ချောင်း၊ ဓား ချောင်း၊ အခြားဆက်စပ် ပစ္စည်းများဖြင့်လည်းကောင်း၊ ဟင်္သာတမြို့၌ ဆူပူအကြမ်းဖက်မှုများကြောင့် ဖမ်းဆီးထိန်းသိမ်း ထာသည့် ရှိုင်းလင်းထက်နှင့် အောင်ကိုထက်တို့ ဦး၏ထွက်ဆိုချက်အရ ကနောင်စုရပ်ကွက်၊ ပြည်တော်သာလမ်းနေ အောင်ကိုထက်နေအိမ်၌ ဖခင်ဖြစ်သူ ဦးယဉ်ထွေအား ဂျင်ကလိ ၂၇ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ပြင်ဦးလွင်မြို့အဝင် မန္တလေး- လားရှိုးလမ်းနှင့် ပြင်ဦးလွင် မြို့ရှောင်လမ်းဆုံရာ Mobile X-Ray ရိုက်စက်နေရာ၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယာဉ်ဝင်/ ထွက်မှုများစစ်ဆေးစဉ် ကျော်ကျော်ထူး()ဦးဟာမြင့် မောင်းနှင် လာသည့် မော်တော်ယာဉ် အမှတ်၊ SHN FF/---- AD- Vanအမျိုးအစားမော်တော်ယာဉ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ဖုံးအတွင်းရှိ ပီနံအိတ်အတွင်းမှ ဆူပူအကြမ်းဖက် မှုတွင်အသုံးပြုသည့်ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

 

 အလားတူ ယနေ့တွင် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောင်ဆန်းဈေး၊ စည်ပင်သာယာရေးတာဝန်ခံရုံး၌ မျိုးသန်းနှင့် အောင်မျိုးဦးတို့ ဦးအား မီးစာတပ် ဓာတ်ဆီ ပုလင်း ၆၃ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီး အနောက်ကျေးရွာနေ လင်းလင်း()ဦးတင်ရွှေအား ၎င်း၏နေအိမ်၌ ဓား ချောင်း၊ အခြား ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ပုသိမ်မြို့၊ အမှတ်()ရပ်ကွက်၊ ကိုးသောင်းလမ်းရှိ  ကျော်မြတ်အေးနေအိမ်၌ ဂျင်ကလိ ၁၀၈ ချောင်းနှင့် အခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ညောင်တုန်းမြို့၊ အမှတ်()ရပ်ကွက်ရှိ အမှတ်()အခြေခံပညာအထက်တန်း ကျောင်း၌ မသင်္ကာဖွယ်ပစ္စည်းတစ်ခုတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဒေသန္တရလက်လုပ်ဗုံး လုံးအားလည်းကောင်း၊ ကန်ကြီးဒေါင့်မြို့နယ်၊ ဒါးကအုပ်စု၊ ဒါးကကျေးရွာနေ မင်းမင်း()ဦးဗိုက်ကြီးအား ၎င်း၏နေအိမ်၌ ဂျင်ကလိ ၁၃ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

 

 ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုမည့် လက်နက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများကို ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ်မှုများကို ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိသည်။