အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(ကျောက်ဖြူ) ပထမအကြိမ် တိုက်ခန်းသော့များ လွှဲပြောင်း ပေးအပ်

နေပြည်တော်၊  မတ် - ၃၀

   

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(ကျောက်ဖြူ) ပထမအကြိမ် တိုက်ခန်းသော့များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စစ်မှုထမ်းဟောင်းအိမ်ရာ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်မိသားစုဝင်များ တက်ရောက် ကြသည်။

   

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူတစ်ဦးက စစ်မှုထမ်း ဟောင်းအိမ်ရာ ဆောက်လုပ်ထားရှိမှုနှင့် ဆက်လက်လုပ်ဆောင်ရန် လျာထားသည့် အိမ်ရာ များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းမိသားစုဝင်များအား တိုက်ခန်းသော့နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး အိမ်ရာအောက်လုပ်ပေးသည် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်သည်။

   

ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (ကျောက်ဖြူ)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ တိုက်ခန်းအိမ်ရာများအတွင်း လိုက်လံကြည့်ရှု ခဲ့ကြောင်း သတင်းရရှိသည်။