ကျိုင်းတုံမြို့၊ ညောင်ညိုတောရကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကုမာရ၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားပြုလုပ်

နေပြည်တော်၊ မတ် - ၃၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ညောင်ညိုတောရကျောင်းတိုက်၊ ပဓာန နာယကဆရာတော် ဘဒ္ဒန္တကုမာရ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ယနေ့တွင်ပြုလုပ်ရာ ကျိုင်းတုံမြို့၊ သံသာရာအေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကောသလ အမှူးပြုသော သံဃာတော်များ <ကရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သံသာရာအေးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် မုံရွာမြို့၊ သိမ်တော်ဦး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဣန္ဒာစာရ က ဆရာတော်ဘုရား၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားခြင်း၊ အနိစ္စာဝတ သင်္ခါရ စသော သံဝေဂသုံးဂါထာ ကိုရွတ်၍ သံဝေဂပွားများခြင်း တို့ကို ဆောင်ရွက်ကြသည်။ ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ညောင်ညိုတောရကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တကုမာရ်၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကန်တော့ကာ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။