နေပြည်တော် သြဂုတ် ၂၃
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး၊ ဘုန်းတော်ကြီးကျောင်းများ ပတ်ဝန်းကျင်သန့်ရှင်း သာယာမှုရှိစေရေးနှင့် ခြင်အန္တရာယ်ကင်းဝေးစေရေးတို့အတွက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ သာဂရကျေးရွာအုပ်စု၊ ၆ မိုင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် ကျောက်ကြီးမြို့နယ်၊ လယ်ဝိုင်းကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းတို့၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရေတာရှည် တပ်နယ်နှင့် ကျောက်ကြီးတပ်နယ်တို့မှ တပ်မတော်သားများက ကျောင်းဝင်းများ အတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ စာသင်ခုံနှင့် ပရိဘောဂများ နေရာချထားပေးခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း စသည့် သန့်ရှင်းရေး လုပ်ငန်းများ အသီးသီး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။