ဆေးကုသရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ဧပြီ -

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ် ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူဆေးရုံ၊ ပျော်ဘွယ် မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက် ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ ဆေးရုံ၊ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ တိုက်နယ် ဆေးရုံနှင့် လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေး အဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုး ရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန်လိုအပ် သော လူနာများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

 

အလားတူ မန္တလေးတိုင်းဒေသကြီး၊ ကူမဲမြို့နယ်၊ ကူမဲတိုက်နယ်ဆေးရုံရှိ ဆရာဝန်များနှင့် သူနာပြုများသည် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင် ခြင်းမရှိဘဲ တာဝန်များ ပျက်ကွက်လျက်ရှိပြီး ဒေသခံပြည်သူများက အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်သို့ အကူအညီတောင်းခံလာခဲ့သဖြင့် ယနေ့တွင် တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မှ တပ်မတော်သားဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့ အား အဆိုပါ ဆေးရုံသို့ စေလွှတ်ခဲ့ရာ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာစွာဖြင့် လှိုက်လှဲစွာကြိုဆို ခဲ့ကြကြောင်းနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို စတင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။