ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ( ၈၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

နေပြည်တော်  ဧပြီ 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၈၄)နှစ်မြောက်  အဖွဲ့စတင်ဖွဲ့စည်းတည်ထောင်သောနေ့ (Foundation Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်  ၁၀ နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး အမှတ်(၁၇)ရှိ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားတွင်   ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက အဖွဲ့နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကားပြောကြားပြီး  ဝန်ထမ်းလုပ်သက် ၃၀ နှစ်ပြည့်သူများကို ဆုများပေးအပ်ချီးမြှင့်သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးစစ်အေး၊ ဦးဆန်းမြင့်နှင့်ဇနီး၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်နှင့်ဇနီး၊ အဖွဲ့ဝင်(ငြိမ်း) ဦးခင်မောင်အေးနှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးညီညီစံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။