တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ဈေးများ၊ ဘဏ်များ၊ ဆေးရုံများနှင့် ယာဉ်လိုင်းများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြေးဆွဲ

နေပြည်တော် ဧပြီ ၂

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ မြို့နယ်များ၌ ဆူပူအကြမ်းဖက်မှုများလျော့နည်းလာသည့်အတွက် နိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အသီးသီးတွင် ဈေးများ၊ စတိုးဆိုင်ခန်းများမှာ မိမိတို့၏မိသားစု စားဝတ်နေရေး အတွက် ပုံမှန်အတိုင်း အေးချမ်းစွာရောင်းဝယ် ဖောက်ကားလျက်ရှိကြပြီး မြို့နယ်တစ်ခုနှင့်တစ်ခု ကုန်စည် စီးဆင်းမှုများကိုလည်း ပုံမှန်အတိုင်း ပြန်လည်လည်ပတ်စီးဆင်းလျက်ရှိသည်။

ယနေ့တွင် မန္တလေးမြို့ရှိ အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး၊ ဒိုင်းမွန်းပလာဇာနှင့် ရတနာပုံဈေး များတွင် မန္တလေးမြို့သူ၊ မြို့သားများ၊ အနယ်နယ်အရပ်ရပ်မှဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားလျက်ရှိပြီး COVID-19 သတ်မှတ်ချက်များနှင့်အညီ ဈေးရောင်း၊ ဈေးဝယ်မှုများအားအေးချမ်းတည်ငြိမ်စွာ ရောင်းဝယ် ဖောက်ကားလျက်ရှိသည်။

ထို့ပြင် မန္တလေးမြို့အတွင်းရှိ ဘဏ်များ၊ ဆေးရုံများ၊ မီးရထားခရီးစဉ်များ၊လေကြောင်းလိုင်းများ၊ မော်တော် ယာဉ်လိုင်းများ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ် ပြေးဆွဲခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် နေပြည်တော်၊ ရန်ကုန်မြို့ကြီးများ အပါအဝင် အခြားမြို့ကြီးများတွင်လည်း တည်ငြိမ်အေးချမ်းစွာဖြင့် ဈေးများ၊ ဘဏ်များ၊ ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ မီးရထားခရီးစဉ်များ၊ မော်တော်ယာဉ်လိုင်းများ ကိုတည်ငြိမ်အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ပြေးဆွဲလျက်ရှိကြောင်းသတင်းရရှိသည်။

(၁၀၀)