ကော့ကရိတ်မြို့မရဲစခန်းရှိ လိုင်းခန်းအတွင်း၌ လက်ပစ်ဗုံးဟောင်း ၁ လုံးအား တွေ့ရှိ

နေပြည်တော်၊ ဧပြီ - ၄

          ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ကော့ကရိတ်မြို့မရဲစခန်းရှိ နေအိမ်လိုင်းခန်းအနောက်ဘက် ရေတိုင်ကီအနီး၌  လက်ပစ်ဗုံးဟောင်း ၁ လုံးအား ယနေ့နံနက် ၈ နာရီခန့်တွင် တွေ့ရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးသိမ်းဆည်းခဲ့သည်။

            အဆိုပါလက်ပစ်ဗုံးဟောင်းအား အများပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက်  နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ပြီး လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။