သံတွဲမြို့၊ ဒွါရာဝတီမြို့သစ်ရှိ အောင်မြေသာစည် ပရိယတ္တိစာသင်တိုက် ဆရာတော် အန္တိမအဂ္ဂိဈာပနပူဇာ ပြုလုပ်ရန်အတွက် အလှူငွေများ လှူဒါန်း

နေပြည်တော်  ဧပြီ  ၄

ရခိုင်ပြည်နယ်၊  သံတွဲမြို့၊  ဒွါရာဝတီမြို့သစ်ရှိ အောင်မြေသာစည် ပရိယတ္တိ စာသင်တိုက်ဆရာတော် ပြည်နယ် သံဃနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ၏ အန္တိမအဂ္ဂိဈာပနပူဇာကို ဧပြီ ၃ ရက်တွင်အဆိုပါစာသင်တိုက်၌ ပြုလုပ်သည်။

အဆိုပါ   အန္တိမအဂ္ဂိဈာပနပူဇာသို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ကုတ်တပ်နယ်မှ ဗိုလ်မှူးချုပ်စိုးကျော်ထက်နှင့် အဖွဲ့ဝင်များက သွားရောက်၍ ဆရာတော်၏

ရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုကာ အန္တိမအဂ္ဂိဈာပန ကျင်းပရေး ကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။