ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံ

နေပြည်တော်   ဧပြီ  ၅

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ  ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး  အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများနှင့်   ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်  ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့်   သယ်ယူပို့ဆောင်ပေးခြင်းများနှင့်  ကာကွယ်ဆေးထိုးနှံပေးခြင်းများကို  ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊   ဆီဆိုင်မြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊  ကြံခင်းမြို့၊  မြောင်းမြမြို့၊ ပန်းတနော်မြို့၊   မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့များအတွင်းရှိ  ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊   ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာ အသီးသီး၌ တပ်မတော်သားပါရဂူများ၊  ဆရာဝန်များနှင့်  သူနာပြုများ ပါဝင်သော  ဆေးအဖွဲ့များက  ပြည်သူ့ဆေးရုံများမှ  ဆရာဝန်များ၊  ကျန်းမာရေးဝန်ထမ်း များနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး   COVID-19 ရောဂါ

ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း  သတင်းရရှိသည်။