နေပြည်တော် ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ မယ်ဇီကုန်းလမ်း၊ ရိုးမရေသန့် စက်ရုံရှိ ပရိဘောဂ ပစ္စည်းများ ထည့်ထားသော ဂိုဒေါင်၌ နံနက် ၁ဝ နာရီ မိနစ် ၅ဝ ခန့်တွင် ဝါယာရှော့ခ်ဖြစ်ရာမှ တစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာ နေရာသို့ နယ်မြေခံ တပ်မတော်သားများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မီးသတ်ယာဉ် ၈ စီး၊ ရေသယ် ယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပစ္စည်း ဂိုဒေါင်အဆောက်အဦ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။