ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာ၌ အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက် ပြီး သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးအား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်၍ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်
Submitted by myawadywebportal on Fri, 07/31/2020 - 18:42နေပြည်တော်၊ ဇူလိုင် - ၃၁
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာ၌ အမျိုးသမီးတစ်ဦးအား တပ်မတော်သားနှစ်ဦးက ပစ္စည်းလုယက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်ကျူးလွန်ခဲ့သည့် တပ်သား သန်းစိုးလွင်နှင့် ဟိန်းမင်းထက်တို့သည် ဇူလိုင် ၁၇ ရက်တွင် ပြန်လည်အဖမ်းခံခဲ့ကြောင်းနှင့် စစ်စည်းကမ်းအရ ဥပဒေနှင့်အညီ ထိရောက်စွာ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သတင်းများထုတ်ပြန်ပြီးဖြစ်သည်။