မှူခင်းသတင်း

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် ငွေကျပ် ၅ ဒသမ၂၈  ဘီလီယံ တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၇၆ သန်း ဖမ်းဆီးရမိ

နေပြည်တော်   ဧပြီ   ၃

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် ငွေကျပ် ၅ ဒသမ၂၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၇၆ သန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။   

မြိတ်မြို့နယ်နှင့် ကော့သောင်းမြို့နယ်များအတွင်း မူးယစ်ဆေးဝါးသယ်ဆောင်လာသူ များဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၃

ကုန်းကြမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ

နေပြည်တော်၊ ဧပြီ - ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် လျက်ရှိသော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ညံခွမ်းကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာသို့အရောက်၌ မုံးစီးကျေးရွာဘက်မှ ညံခွမ်ကျေးရွာဘက်သို့ မောင်းနှင်လာသည့်ဆိုင်ကယ်တစ်စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ၎င်းဆိုင်ကယ်ပေါ်မှ အထုပ် တစ်ထုပ်ပြုတ်ကျခဲ့သဖြင့် ဖွင့်ဖောက်စစ်ဆေးရာ ဘိန်းဖြူမှုန့်များထည့် ထားသည့် ဆပ်ပြာခွက် ၁၁ ခွက်၊ ၁၁၀ ဂရမ်ခန့် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆ သိန်းကျော်)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

တူမီးသေနတ်များနှင့် လက်လုပ်သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့လာရောက်အပ်နှံ

နေပြည်တော်၊ ဧပြီ -

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု နယ်မြေအတွင်းသို့ သွားရောက်မည့် လူငယ် ၅ ဦးအား ထိန်းသိမ်း

နေပြည်တော်၊ ဧပြီ  -

ဆူပူအကြမ်းဖက်သူများက ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီး၊ နိုင်ငံတော်ပိုင် အဆောက်အဉီများအား လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

နေပြည်တော်၊ ဧပြီ -

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗဟိုအမျိုးသမီး ဆေးရုံကြီး ရေခဲတိုက်အတွင်း သင်္ဂြိုလ်ရန်ကျန် မွေးကင်းစ ကလေးအလောင်း ၁၂၆ လောင်း တွေ့ရှိမှုနှင့်ပက်သက်၍ အချိန်မီ သင်္ဂြိုလ်ရန် တာဝန်ပျက်ကွက်ခဲ့သည့် ရင်ခွဲရုံ တာဝန်ခံအား ဥပဒေနှင့်အညီ အမှုဖွင့်လှစ်ထာ

နေပြည်တော်၊ ဧပြီ ၁

   ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗဟိုအမျိုးသမီး ဆေးရုံကြီး ရေခဲတိုက်အတွင်း သင်္ဂြိုလ်ရန်ကျန် မွေးကင်းစကလေး အလောင်း ၁၂၆ လောင်း တွေ့ရှိမှုနှင့်ပက်သက်၍ အချိန်မီ သင်္ဂြိုလ်ရန် တာဝန်ပျက်ကွက်ခဲ့သည့် ရင်ခွဲရုံတာဝန်ခံအား ဥပဒေနှင့်အညီ အမှုဖွင့်လှစ် ထားရှိကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့ရှိ ကုန်တိုက် ကြီးများနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်တို့၌ မီးလောင်မှုများဖြစ်ပွား

နေပြည်တော်၊ ဧပြီ - ၁  

    ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်ချုပ် အောင်ဆန်းလမ်းထောင့်ရှိ Ruby  Mart ကုန်တိုက်(၅-ထပ်)၌ ယနေ့နံနက် ၂ နာရီခန့် တွင် မီးလောင်နေမှုဖြစ်ပွားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၁၆ စီး၊ ရေသယ်ယာဉ် ၆ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မြိတ်မြို့နယ်ရှိ ပညာရေး ဝန်ထမ်းများအား CDM တွင် ပါဝင် လုပ်ဆောင်လာအောင် စည်းရုံး လှုံ့ဆော်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၁  

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ CDM ပါဝင်ခြင်းမရှိသည့် အခြားပညာရေး ဝန်ထမ်းများအား CDM တွင် ပါဝင်လုပ်ဆောင်လာအောင် Facebook လူမှုကွန်ယက် များတွင် စည်းရုံလှုံ့ဆော်နေကြောင်း သတင်းများအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၁ နာရီခန့်တွင် ကလွင်ကျေးရွာအုပ်စု၊ တက္ကသိုလ်ရပ်ကွက်၊ စိမ်းလဲ့သာယာ(၁၂) အိမ်တွင် နေထိုင်သည့် မနေခြည်ထွေးနှင့် မချစ်မြတ်သူ ပညာရေးဝန်ထမ်း ၂ ဦးတို့အား ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။

မိုးနဲမြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော်၊ မတ် - ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် လျက်ရှိသော တပ်ဖွဲ့ဝင်များသည် မတ် ၃၀ ရက် ည ၉ နာရီခန့်တွင် နားခံကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ၌ ရပ်တန့်ထားသည့် နီဆန်းအမျိုးအစား မော်တော်ယာဉ် ၃ စီး ပေါ်မှ တရားမဝင်သစ်ဆိုဒ်စုံ ၂၃ တန်ကျော်ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိသစ်များနှင့် မော်တော်ယာဉ်များအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။