မှူခင်းသတင်း

ပုလဲမြို့နယ်၊ ကြိုးကြာဥကျေးရွာနှင့်  ရွာထင်ကျေးရွာနေ ပြည်သူများအား ဆူပူ အကြမ်းဖက်သူများက မီးရှို့သတ်ဖြတ်

နေပြည်တော်၊ ဧပြီ - ၇

    စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲမြို့နယ်၊ ကြိုးကြာဉကျေးရွာနေ ဦးမောင်နိုင်(ဘ) ဦးဘိုလေးနှင့် ရွာထင်ကျေးရွာနေ ဦးကျော်ဆန်းလင်း(ဘ)ဦးဖေတင့်နှင့် ဦးခင်မောင်ဆွေ (ဘ)ဦးဖေတင့် တို့အား ရွာထင်ကျေးရွာမှ ဆူပူ အကြမ်းဖက်သူများက ယနေ့တွင် မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာ၌ ဒီမိုကရက်တစ် ပါတီ စည်းရုံးရေးမှူး မီးရှို့ သတ်ဖြတ်ခံရ

နေပြည်တော်၊ ဧပြီ ၇

    ၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့နယ်၊ လွန်တောင်း ကျေးရွာ၌ ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူး မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရသည်။

အမေရိကန်စင်တာအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၇

  ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်းရှိ အမေရိကန်စင်တာအား မတ်လ ၂၇ ရက် နံနက် ၇ နာရီတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည့်အတွက် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ အမေရိကန်စင်တာ အင်းယားလမ်း၊ လူဝင်ပေါက်လုံခြုံရေး အခန်းရှိ မှန်ချပ်တွင် ထိမှန်ရာ ၇ ချက် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့်အမှုဖွင့်လှစ် အရေးယူ

နေပြည်တော် ဧပြီ ၇

    မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် ဝန်ကြီးချုပ် ရာထူးနှင့် လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ စီးပွားရေး လုပ်ငန်းရှင်များထံမှ ငွေကြေးများ ရယူသုံးစွဲခဲ့မှုများ အပေါ် ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူများအား  ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၇

ခေါင်လန်ဖူးမြို့၊ ရီဒမ်းကြိုးတံတား၌ မူးယစ်ဆေးဝါးသယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၅

          ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့၏ အနောက်မြောက်ဘက် ၂၅ မိုင်ခန့်အကွာရှိ ရီဒမ်းကြိုးတံတား၌ လုံခြုံရးတပ်ဖွဲ့ဝင်များက ယာဉ်ဝင်/ ထွက်မှုများ စစ်ဆေး ဆောင်ရွက်စဉ် အေပြီ ၄ ရက်မွန်းလွဲ ၂ နာရီခန့်တွင် ပူတာအိုမြို့မှ ခေါင်လန်ဖူး မြို့ဘက်သို့ အောင်မျိုးလင်း(ဘ)ဦးဝင်းမြင့်နှင့် ခင်မောင်ထွေး(ဘ)ဦးတန်ဆိုင်တို့ မောင်းနှင်ပြီး စောနွဲ့ဝင်းရွှေဦး စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ် ၂ စီးအား ရပ်တန့်စစ်ဆေးရာ ဘိန်းဖြူ ၉၀ ဒသမ ၀၄ ဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ မယ်ဇီကုန်းလမ်း၊ ရိုးမရေသန့် စက်ရုံ၌ မီးလောင်မှုဖြစ်ပွား

နေပြည်တော်   ဧပြီ   ၅

ရန်ကုန်တိုင်းဒေသကြီး၊  လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊   မယ်ဇီကုန်းလမ်း၊   ရိုးမရေသန့် စက်ရုံရှိ   ပရိဘောဂ ပစ္စည်းများ ထည့်ထားသော ဂိုဒေါင်၌  နံနက် ၁ဝ နာရီ မိနစ် ၅ဝ ခန့်တွင်  ဝါယာရှော့ခ်ဖြစ်ရာမှ တစ်ဆင့်    မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ၌ ဆူပူအကြမ်းဖက် သူများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး

နေပြည်တော်  ဧပြီ  ၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံထားရသူ သရုပ်ဆောင်ရဲတိုက်(ခ)လင်းထွန်းအား စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၄

၂၀၂၁ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံထားရသူ သရုပ်ဆောင်ရဲတိုက်(ခ)လင်းထွန်းအား စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ဆူပူအကြမ်းဖက်သူများမှ မီးရှို့ခဲ့၍ နေအိမ် ၁ လုံးမီးလောင်ပျက်စီးကာ အမျိုးသား ၁ ဦးသေ၊ အမျိုးသမီး ၁ ဦးဒဏ်ရာရရှိ

နေပြည်တော်  ဧပြီ  ၄

၂၀၂၁ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ဆူပူအကြမ်းဖက်သူများမှမီးရှို့ခဲ့၍ နေအိမ် ၁ လုံးမီးလောင်ပျက်စီးကာ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး   အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း သတင်းရရှိပါသည်။