မှူခင်းသတင်း

မြို့နယ်အချို့၌ နိုင်ငံတော်ပိုင် အဆောက်အဦးများအား ဆူပူအကြမ်းဖက်သူများမှ မီးကွင်း၊ မီးပုလင်းများဖြင့် ပစ်ပေါက်ခြင်း၊  မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်

နေပြည်တော်၊ မေ ၄

    ဆူပူအကြမ်းဖက် လူအုပ်စုများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ နိုင်ငံတော်ပိုင် အဆောက်အဦးများအား မီးကွင်း၊ မီးပုလင်းများဖြင့် ပစ်ပေါက်ခြင်း၊  မီးရှို့ဖျက်ဆီးခြင်း တို့ ပြုလုပ်လျက်ရှိသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ်ကျေးရွာ၊ အနော်ရထားလမ်း၌ လူသတ်မှုနှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောင်ဇေယျ ကြိုးတံတားထိပ်၌ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိမှု ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ် အသီးသီး ချမှတ်

နေပြည်တော်၊ မေ - ၄

လားရှိုးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် မေ ၂ ရက် ညနေ ၄ နာရီ ၅ မိနစ်ခန့်တွင် မုံးကျက်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၇ဝဝ ခန့် အကွာရှိ ကားလမ်းဘေး၌ မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီး ရပ်တန့်ထားသည်ကို တွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ ဘိန်းဖြူမှုန့် ၁ဝ ဂရမ် ခန့်စီပါ ဆပ်ပြာခွက် ၁၁ ခွက်၊ ၁၁ဝ ဂရမ် ခန့်နှင့် ပန်းရောင်စိတ်ြ<ွကရူးသွပ်ဆေးပြား  ၃၆ဝဝ ပြားတို့အား တွေ့ရှိသိမ်းဆည်း ရမိ ခဲ့သည်။

မြိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် မေ  ၃

မြိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၌ နိုင်ငံတော် ဆန့်ကျင်ရေးစာသား စာရွက်များအား လိုက်လံကပ်နေသူ အမျိုးသား ၂ ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၃

    ဧရာဝတီတိုင်းဒေသကြီ၊ ဟင်္သာတမြို့၌ အများပြည်သူသွား လမ်းမကြီးပေါ်ရှိ ဓာတ်တိုင်များနှင့် စာသင်ကျောင်း ခြံစည်းရိုး အုတ်တံတိုင်းများတွင် နိုင်ငံတော် ဆန့်ကျင်ရေး လှုံ့ဆော်စာသားများပါ စာရွက်များ လိုက်လံကပ်နေသူ အမျိုးသား ၂ ဦးအား ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့၌ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက် အဖွဲ့များက အကြမ်းဖက် ရန်ပြုတိုက်ခိုက်

နေပြည်တော်၊ မေ ၃

    မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးအနီး ထီးလင်း-ဂန့်ဂေါသွား ကားလမ်းပေါ်သို့ အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ယနေ့ နံနက် ၆  နာရီခန့် တွင် ဆိုင်ကယ်ဖြင့်‌ ရောက်ရှိလာပြီး လက်လုပ်မိုင်း ၁ လုံး ပစ်ချထွက်ပြေးခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ပေါက်ကွဲမှုကြောင့် ရုံးရှေ့ ကတ္တရာလမ်းပေါ်တွင် အကျယ် ၃ လက်မ၊ အနက် လက်မဝက်ခန့် ပေါက်ပြဲပျက်စီးခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း တွေ့ရှိခဲ့ရသည်။

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ပစ္စည်း၊ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့် အတူ ဆက်လက်ဖော်ထုတ် ဖမ်းဆီး

နေပြည်တော်၊ မေ - ၃

    လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးလျက်ရှိပါသည်။

ဆူပူအကြမ်းဖက်သူများက အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်ရန်ပြုတိုက်ခိုက်

နေပြည်တော်၊ မေ - ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၄)၊ နယ်မြေ(၁၅)၊ ရတနာ လမ်းသွယ်ရှိ ဦးကျော်မိုး(ဘ) ဦးပေ၏ နေအိမ်အား မေ ၂ ရက် နံနက် ၇ နာရီ ၂၀ မိနစ် ခန့်တွင် ဆူပူအကြမ်းဖက်သူ ၆ ဦးခန့်က ဆိုင်ကယ်များဖြင့် ဓားရှည်၊ ဓားမြောင်နှင့် ရဲဒင်းများကိုင်ဆောင် ရောက်ရှိလာပြီး ခြံဝန်းအတွင်း ဝင်ရောက်ကာ အကြမ်းဖက် တိုက်ခိုက်၍ ပြန်လည်ထွက်ပြေး သွားခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်(၃-၅-၂၀၂၁)

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့်ပညာရေး ဝန်ထမ်းများအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်(၃-၅-၂၀၂၁)