မှူခင်းသတင်း

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ် သိမ်းဆည်းရမိ

နေပြည်တော်  မေ  ၈

လုံခြုံရေးတပ်ဖွဲ့ဝင်များသည်   ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ် သိမ်းဆည်းရမိရေး ဆောင်ရွက်လျက်ရှိသည်။

စက်သုံးဆီအရောင်းဆိုင်၌ ပလပ်ခုံမီးပွားစဉ်ရာက မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး  ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်း-ရေနံချောင်းလမ်းအထွက် ဆင်တိုင်းကန် ကျေးရွာအုပ်စုရှိ စက်သုံးဆီအရောင်းဆိုင်၌  မေ ၇ ရက်က မီးပလတ်ခုံ မီးပွားစဉ်ရာက  မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ကျောက်ပန်းတောင်း-ရေနံချောင်းလမ်း ကောင်းမွန်တိုးဂိတ် အနောက်ဘက်ရှိ  ကျောက်ပန်းတောင်းမြို့နယ် ဆင်တိုင်းကန်ကျေးရွာနေ ဒေါ်စောစောဝင်း ပိုင်ဆိုင်သော စက်သုံးဆီအရောင်းဆိုင်၌ မြေအောက်ဆီကန်အတွင်းမှ ဆီကိုမြေပေါ်ရှိ ဂါလန် ၈ဝဝ ဆံ့ သံဆီကန်အတွင်းသို့ ပန့်ဖြင့်စုပ်၍ထည့်စဉ် မီးပလတ်ခုံမှ မီးပွားထွက်၍ မီးစတင်လောင်ကျွမ်းခြင်း ဖြစ်သည်။

ကလောမြို့နယ်၊ နန့်ပန်တက်စစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၁ ဦး ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၈

မိုးကောင်းမြို့နယ်နှင့် ဆဒုံးမြို့နယ်အတွင်း KIA အဖွဲ့က အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်

နေပြည်တော်  မေ  ၇

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုက်မိုင်းများအား အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ မေ ၇

   

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDMလှုပ်ရှားမှုတွင် ပါဝင်သည့် ပညာရေး ဝန်ထမ်းများအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်

နေပြည်တော်  မေ  ၆

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများအား CDM  လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM  လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPHံ မတရားအသင်းအား ထောက်ခံအားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသော အောက်ဖော်ပြပါ ပညာရေးဝန်ထမ်းများအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားပြီးဖြစ်ပါသည်။ 

မိုးမောက်မြို့နယ်၊ တာပိန်ကြိုးတံတား၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၆

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ တာပိန်ကြိုးတံတား၌ လုံခြုံရေး ဆောင်ရွက် လျက်ရှိသည့် တပ်ဖွဲ့ဝင်များသည် မေ ၅ ရက် ညနေ ၄ နာရီ ၄ဝ မိနစ်ခန့်တွင် ဗန်းမော်မြို့မှ   မြစ်ကြီးနားမြို့ဘက်သို့  ဖုန်ဂျွန်မျိုးအောင်လာ(ဘ) ဦးဖော်ဂျိုတူး မောင်းနှင်လာသည့်     MITSUBISHI EHCEED အမျိုးအစား မော်တော်ယာဉ် အမှတ်၊့ YGN-3J/--ယာဉ်အား ရပ်တန့်စစ်ဆေးရာ ဆီတိုင်ကီအတွင်းမှ ဘိန်းဖြူ ၁ဝ ဂရမ်ခန့်စီပါ ဆပ်ပြာခွက် ၁၉၄ ခွက် ၁ ဒသမ ၉၄ ကီလို (ခန့်မှန်းတန်ဖိုးငွေ ကျပ် သိန်း ၃၈ဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

လားရှိုးမြို့နယ်နှင့် မြိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၆

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် (၆-၅-၂၀၂၁)

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများက နိုင်ငံတော်ပိုင် အဆောက်အဦများ၊ ယာဉ်ရပ်နားစခန်းများအား မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ ဆက်သွယ်ရေး တာဝါတိုင်နှင့် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာ/ဆရာမများ၏ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မေ ၆

    ဆူပူအကြမ်းဖက်သူများ အနေဖြင့် တိုင်းဒေသကြီးအချို့ရှိ မြို့နယ်များ၌ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်များ၊ ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် မိမိတို့၏ တာဝန် ဝတ္တရားများအား ထမ်းဆောင်နေကြသော ဝန်ထမ်းများအပေါ် ခြိမ်းခြောက်ခြင်း စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ ယာဉ်ရပ်နားစခန်းများအား မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ ဆက်သွယ်ရေး တာဝါတိုင်နှင့် ကျောင်းဆရာ/ ဆရာမများ၏ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခြင်း ကဲ့သို့သော အကြမ်းဖက်မှု လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။